ခိုင်ကမ်း ၁၈ မတ်
၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်( ၂ ) ထိကလေးငယ်များအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ လူမှုဝန်ထမ်းဦးစီး ဌာနရုံးခန်းတွင် မတ် ၁၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ကြေးပေးအပ်ခြင်းမပြုလုပ်မီ ခိုင်ကမ်းမြို့ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်လန့်ငိုက်ဟွဲက မိခင်နို့တိုက်ကျွေးရခြင်း၏ အကျိုးကျေးဇူး၊ တိုက်ပုံတိုက်နည်းနှင့် အခြားမိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ဟောပြောသည်။
အဆိုပါထောက်ပံ့ကြေးကို ( ၁၀) ကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပြီး ( ၂ ) လတစ်ကြိမ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်( ၂ ) ထိကလေးငယ်တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး ခိုင်ကမ်းမြို့တွင် ( ၁၆၉ ) ဦးရှိကြောင်း ခိုင်ကမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


