မဘိမ်း အောက်တိုဘာ ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ လယ်မြေဧက (၂၈၉) ဧကကျော် အကျိုးပြုနိုင်မည့်  ကုန်ထုတ်လမ်းအား မဘိမ်းမြို့နယ်၊ ခိုတာကျေးရွာအုပ်စု၊ ခိုတာကျေးရွာ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုတာကျေးရွာ ကုန်ထုတ်လမ်းအား အရှည် ၁ မိုင်ကို ဗြုံးကျောက် ၉ လက်မထုနှင့် ၁၂ ပေ အကျယ်လုပ်ငန်းကို ပြည်နယ်ရန်ပုံငွေ ၃၆ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်းဖြင့် အိမ်ခြေ (၈၉) အိမ်၊ လူဦးရေ (၄၀၃) ဦးတို့၏ စိုက်ပျိုးလယ်မြေဧက (၂၈၉) ဧကကျော် အကျိုးရှိမည်ဖြစ်ကြောင်း၊ ၎င်းစိုက်ပျိုးမြေမှထွက်ရှိသော လယ်ယာ ထွက်ကုန် စိုက်ပျိုးသီးနှံများကို ဈေးကွက်သို့ အချိန်မီ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်ထံက သိရသည်။

 

ဟေမာမြင့်