ခါးကျောများကို ကိရိယာဖြင့်ဆွဲထားသော ကုသခြင်းသည် ခါးရိုးချပ်ပြားများတွင်ဖြစ်သော ပြဿနာများအတွက် ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်နိုင်သလဲ

ရေးသားသူ Dr. K Zin Thwe

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခါးရိုးချပ်ပြားများတွင်ဖြစ်သော ပြသနာများသည် ခါးနေရာတွင် နာကျင်မှုကိုဖြစ်စေပါသည်။ ထိုသို့သော နာကျင်မှုများသည် အပျော့စားအဆင့်မှ မခံမရပ်နိုင်အောင် နာကျင်မှုများ ဖြစ်စေပါသည်။ ထိုအခါ နေ့စဉ်အလုပ်များ ထိခိုက်လာနိုင်ပါသည်။

 

သို့သော် ယနေ့အခါ ထိရောက်သောကုသမှုများ ခံယူနိုင်သည့်အတွက် ယင်းအတွက် မစိုးရိမ်ပါနှင့်။ သင်သည် ခါးနာဝေဒနာနှင့် ပတ်သက်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကုသမှုများကို မခံယူချင်ပါက ခါးကျောများကို ကိရိယာဖြင့်ဆွဲထားသော ကုသခြင်းကို ခံယူနိုင်ပါသည်။

 

 ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြဿနာများ

ခါးရိုးချပ်ပြားဆိုသည်မှာ ဂျယ်လီဒိုးနတ်နှင့် သဏ္ဍာန်တူပါသည်။ အတွင်းပိုင်းတွင် ပျော့ပြီး အပြင်ပိုင်းတွင် တောင့်တင်းပါသည်။ ယင်းချပ်ပြားသည် ခါးရိုးတစ်ခုနှင့် တစ်ခုကြားတွင်ရှိပြီး ယင်းတို့ကို တွယ်ဆက်အရွတ်များက ဆက်ပေးထားပါသည်။

 

ထိုအရာများသည် သင့်ခါးကို ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် ဒဏ်မဖြစ်စေရန် ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။

 

ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြသနာများတွင် ချပ်ပြားများကျွံခြင်းနှင့် ပျက်စီးယိုယွင်းခြင်း ဟူ၍  ၂ မျိုးရှိပါသည်။

 

ချပ်ပြားများကျွံခြင်းသည် အတွင်းရှိအလွှာသည် အက်ကွဲနေသော အပြင်ရှိအလွှာပေါ်သို့ ကျွံထွက်လာခြင်းကို ဆိုလိုပါသည်။ အတွင်းရှိ ပျော့ပျောင်းသောအလွှာသည် အနီးအနားရှိ အာရုံကြောများ၊ အမြစ်များနှင့်၊ ခါးရိုးများအပေါ်တွင် ဖိအားများဖြစ်လာကာ လည်ပင်း၊ လက်မောင်းနှင့် ခြေထောက်များ နာကျင်ခြင်းကို ခံစားရစေပါသည်။

 

ချပ်ပြားသည် ပျက်စီးယိုယွင်းခြင်းသည် အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်သော ဖြစ်စဉ်ဖြစ်ပြီး  နာကျင်မှုကိုဖြစ်စေပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ချပ်ပြားများသည် ရေဓာတ်ခမ်းခြောက်လာခြင်းကြောင့် ရှုံ့တွသွားပြီး လှုပ်ရှားမှုများကို ခံနိုင်ရည်နည်းလာခြင်း ဖြစ်ပါသည်။

 

ထိုဖြစ်စဉ်တွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းများသည် အဖြစ်များသော ရောဂါလက္ခဏာများ ဖြစ်ပါသည်။

 

ခါးကျောများကို ကိရိယာဖြင့် ဆွဲထားသော ကုသခြင်းသည် သင့်ခါးအတွက် ဘယ်လို သက်ရောက်မှုတွေရှိလဲ။

ထိုကိရိယာကို သင့်ကိုယ်တွင် သင်ကိိုယ်တိုင်သောလည်းကောင်း ကျွမ်းကျင်သူကသော် လည်းကောင်း တပ်ဆင်ပေးနိုင်ပါသည်။ ယင်းသည် အရွယ်အစား တစ်ခုသာရှိသော်လည်း လိုသလို ညှိနိုင်သည့်အတွက် လူတိုင်းနှင့်တော်ပါသည်။ ယင်းကိရိယာသည် သင့်ကျောရိုး ပေးတွင် သက်ရောက်နေသော ဖိအားများကို မျက်နှာပြင် ၃ ဖက်မှနေပြီး ပြေလျော့အောင်း လုပ်ဆောင်ပေးပါသည်။

 

ထိိုကိရိယာကို ဝတ်ဆင်လိုက်သည်နှင့် တပြိုင်နက် ခါးကျောရိုးသည် ဆန့်တန်းသွားပြီး ချပ်ပြားများသည်လည်း သူ့အလို နေရာတကျဖြစ်သွားပါသည်။ ခါးပတ်ကြိုးကို ကိရိယာ ဝတ်ဆင်ချိန်တွင် မိနစ် ၃၀ ကြာမျှ ဝတ်ထားရမည်ဖြစ်ပါသည်။ 

 

ခါးရိုးချပ်ပြားများတွင် ပြဿနာဖြစ်သူများတွင် ခါးကျောများကို ကိရိယာဖြင့်ဆွဲထားသော ကုသခြင်းဖြင့် ဘယ်လိုရလဒ်များကို ရပါသလဲ။

ထိုကိရိယာသည် ခွဲစိတ်ရန်မလိ်ုဘဲ ကုသနိုင်သော ကုသမှုမျိုးဖြစ်ပါသည်။ သို့သော် ယင်းသည် ရေခဲကပ်ခြင်း၊ နာကျင်မှုကိုသက်သာစေသော ဆေးများသုံးခြင်းနှင့် လုပ်ဆောင်ပုံခြင်း မတူညီပါ။

 

အဆိုပါကုထုံးများသည် နာကျင်မှုကိုကုသော ကုထုံးများဖြစ်ပြီး ခါးရိုးကိရိယာသည် ခါးရိုးပေါ်တွင် ဖိအားသက်ရောက်မှုကို နည်းစေခြင်း၊ ရေဓာတ်ကို မျှတအောင်ပြုလုပ်ပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်းနှင့် လှုပ်ရှားမှုများကို ကောင်းအောင် ပြလုပ်ပေးခြင်း နည်းများဖြင့် အရိုးချပ်ပြားများကို ပြုပြင်ပေးခြင်းဖြစ်ပါသည်။ ထို့ပြင် ယင်းသည် အရိုးချပ်ပြားများကို အနာကျက် ပိုမြန်စေပါသည်။

 

ကုသမှုအပိုင်းများ ပြီးသွားပါက  သင်သည် ကာလကြာမြင့်စွာ အကျိုးထူးများ ခံစားရမည် ဖြစ်ပါသည်။ ခါးနာခြင်းသက်သာသွားပြီး လှုပ်ရှားမှုများကောင်းလာခြင်း၊ ခါးမနာတော့ခြင်း၊ နေ့စဉ်အလုပ်များကို ပြန်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

 

အချုပ်ဆိုရသော် ခါးကျောများကို ဆွဲထားသော ကိရိယာများသည် ခါးနာခြင်းကို အများဆုံးဖြစ်စေသော ခါးရိုးချပ်ပြားများတွင်ဖြစ်သော ပြဿနာတွင် အသုံးပြုသင့်သော ပစ္စည်းတစ်ခုဖြစ်ပါသည်။ ယင်းသည် နာကျင်မှုကို သက်သာစေသည့်အပြင် နောင်အချိန်တွင် ဖြစ်လာမည့် ခါးနာခြင်းများကိုလည်း ကာကွယ်ပေးပါသည်။

 

ထို့ကြောင့် သင်သည် အခြားသောခါးနာပျောက်သည့် ကုထုံးများနှင့် မသက်သာလျှင် ထိုကိရိယာဖြင့် ကုသမှုများ ခံယူသင့်ပါသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်