၂၄ ဇန်နဝါရီ
ချက်နိုင်ငံက ခွေးလေ့ကျင့်ရေးစခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှာဖွေရေးအတွက် Renda၊ Cap နဲ့ Laky အမည်ရှိ ခွေးသုံးကောင်အား လေ့ကျင်းပေးနေကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူရဲ့ အနံ့ပါ အဝတ်စ၊ ရောဂါပိုး မရှိသူရဲ့ အနံ့အဝတ်စနဲ့ ဘာမှမရှိတဲ့ အဝတ်စတွေကို ဘူးတွေထဲမှာ ထည့်ထားပြီး အဲဒီခွေးသုံးကောင်ကို အနံ့ခံလေ့ကျင့်နေတာဖြစ်ကြောင်း လေ့ကျင့်ရေးဆရာ လန်ကာဗော်ချာဗာက ပြောပါတယ်။
သူတို့လေ့ကျင့်ပေးနေရာ (၉၅)ရာခိုင်နှုန်းအထိ ယုံကြည်ရတဲ့အဖြေရကြောင်း၊ ဒီလေ့ကျင့်ခန်းကို အသုံးပြုပြီး လူအုပ်စုတွေထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ဟုတ်၊ မဟုတ်နဲ့ကို အချိန်တိုအတွင်းမှာ စစ်ဆေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
Renda၊ Cap နဲ့ Laky တို့ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက စတင်လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP