မန္တလေး ၁၃  ဧပြီ

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများသို့ သွားရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သော နှာခေါင်းစည်း (mask)ခုရေ ၆၀ဝ၀ ဝေငှထောက်ပံ့ခြင်းကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှ ၁၀ နာရီထိ ဆောင်ရွက်ခဲ့သည်။

 

9690

 

အဆိုပါ ဝေငှထောက်ပံ့ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ဆယ်အိမ်မှူးများက စုပေါင်း ဝေငှခဲ့ကြသည်။

 

နှာခေါင်းစည်း (mask)များ ဝေငှခြင်းကို ချမ်းအေးသာစံမြို့နယ် အတွင်းရှိဟေမာဇလရပ်ကွက် မီးရထား အခွန်လွတ်ဈေး၊ ကန်ကောက်ရပ်ကွက် ချမ်းအေးစည်သာဈေး၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၃ လမ်း ပျံကျဈေး၊ ရန်မျိုးလုံရပ်ကွက် ယာယီမင်္ဂလာဈေး၊ ကဉ္စနမဟီရပ်ကွက် ၇၆ လမ်း ပျံကျဈေး၊ ချမ်းအေးသာစံ အနောက်ရပ်ကွက် သစ်သီးတန်းပျံကျဈေး၊သီရိဟေမာ အရှေ့ရပ်ကွက် ကိုင်းတန်းဈေး၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်ရှိပြည်ကျော်ဈေး များသို့ သွားရောက်၍ ဝေငှထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ထိပ်ထားနိုင်

 

727