မန္တလေး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက်ရှိသူ ၂၀၀ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲမှစတင်၍ စုရပ် ၄ နေရာတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာများသို့ ချမ်းအေးသာစံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်သည့် စုရပ်များမှာ ကန်ကောက်ရပ်ကွက်၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ဝါခင်းကုန်းဘုရား ဓမ္မာရုံ၊ ၇၆ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ၃၁ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ သကျသီဟ ဘုရားဝင်းအတွင်းရှိ ဝေဇယန္တာဗန္ဓုလဓမ္မာရုံနှင့် ၈၉ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ အိမ်တော်ရာဘုရားဝင်းတို့ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်/ဆက်)


