မန္တလေး ၂၉ ဧပြီ
အလှူရှင်/စေတနာရှင်များ ပူးပေါင်း၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် နွမ်းပါးသည့် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းကို ဧပြီ ၂၈ ရက်က ပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်း/ခရိုင်/ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လူငယ်လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အဖွဲ့များခွဲ၍ အဘိုး၊ အဘွား(၂၅၀)ဦးကို ဆန်၊ ဆီ၊ ခနောဆန်ပြုတ်ထုပ်၊ ကြက်ဥ၊ ဘီစကစ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုကို မြို့နယ် လူငယ်လုပ်ငန်းကော်မတီအဖွဲ့၏ မတည်အလှူငွေနှင့် အလှူရှင်/ စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် အလှူရှင်များကိုယ်စား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


