နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၀

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ် မြို့နယ်မြေပြင် လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီသည် ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံ အနောက်ရပ်ကွက်တွင် မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်သည်။

 

နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင် ခရိုင်ဦးစီးမှူး ဦးဇင်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးအရာရှိ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများသည် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစု အမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်မှု ရှိ၊ မရှိစာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများနှင့် အိမ်ထောင်စုစာရင်းမရှိသူများကို စိစစ်ကာ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်ခုခုရရှိစေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်