မန္တလေး    ၂၅   ဇွန်   

 

၂ဝ၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက မန္တလေးခရိုင်၊ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများသို့ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ယင်းသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်း၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊  အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့  ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်စသော ဆောင်းပါးကောက်နုတ်ချက်များ၊ ကာတွန်း၊ ကဗျာနှင့် အသိပညာပေး အကြောင်းအရာများ  ပါဝင်ကြောင်းသိရသည်။

 

ထိပ်ထားနိုင်