မန္တလေး မတ် ၁၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျိုးခံစားခွင့်(ငွေလုံးငွေရင်း) ခွင့်ပြုထုတ်ပေးခြင်းများကို မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ခွင့်ပြုထုတ်ပေးလျက်ရှိရာ ချမ်းအေးသာစံနှင့် ပြည်ကြီးတံခွန်မြို့နယ်ရုံးတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားအတွက် အကျိုးခံစားခွင့် ငွေကျပ် ၄၀၃ သိန်းကျော်ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိထံမှ သိရသည်။
အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာတွင် ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Eager Communication Group Co., Ltd မှ လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် အာမခံအလုပ်သမား ဦးအောင်သိန်းမော်၏ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်တစ်မှု၊ လုပ်ငန်းခွင်ထိခိုက်သေဆုံးသော Myanmar Viettel Construction Co., Ltd မှ အာမခံအလုပ်သမား ဦးစည်သူဝင်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့်တစ်မှု၊ NTT သစ်အချောထည်မှ ဆေးဖိုး ကုန်ကျငွေတစ်မှုနှင့် ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ဆေးဖိုး ကုန်ကျငွေသုံးမှု၊ မကျန်းမာမှု အကျိုးခံစားခွင့်တစ်မှုနှင့် မီးဖွားမှုနှင့် စရိတ်အကျိုးခံစားခွင့် ကိုးမှု စုစုပေါင်း ၁၆ မှု တို့အတွက် အကျိုးခံစားခွင့် ငွေကျပ် ၄၀,၃၈၄,၄၇၇ ကို ခွင့်ပြုထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)