ခမောက်ကြီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ခမောက်ကြီး မတ် ၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မတ် ၄ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခမောက်ကြီးမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရသော အကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

 

ခမောက်ကြီး(ပြန်/ဆက်)