ခမောက်ကြီး ၂၀ မတ်
ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခမောက်ကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) ကို ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပသည်။
ရှေးဦးစွာ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က အဖွင့်မှာစကားပြောကြားပြီး ကော့သောင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဦးစိုးပြည့်အောင်က သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာသင်ခန်းစာများကိုသက်ဆိုင်ရာသက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဆွေးနွေးပို့ချရာတက်ရောက်လာကြသော သင်တန်းသားများက သိရှိလိုသည်များကိုအပြန်အလှန်
ဆွေးနွေးဖြေကြားကြသည်။ အဆိုပါ အဆိုပါသင်တန်းသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများနှင့် စိတ်ပါဝင်စားသူဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းအား မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့ထိသင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ် ပြီးခမောက်ကြီးမြို့ ပေါ်ရှိရပ်ကွက်(၃)ခုနှင့် ခမောက်ကြီးနယ်မြေ အတွင်းရှိ ကျေးရွာ (၆)ရွာတို့မှ သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့ တက်ရောက်ကြကြောင်း ခမောက်ကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


