ခမောက်ကြီး ၂၄  မတ်

 

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID19)ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ခမောက်ကြီးမြို့ ၊(၃၈)မိုင်ယုဇနဆီအုန်းကုမ္ပဏီ၊ (၄၂)မိုင်နှင့်(၄၅)မိုင်ရှိ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ဦးစီးသောအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

100

 

ရှေးဦးစွာ (၄၅)မိုင်ရှိ ကျေးရွာပြည်သူများနှင့်လည်းကောင်း ၊ဆက်လက်၍ (၄၂) သီတာစမ်း ကျေးရွာရှိပြည်သူများနှင့် လည်းကောင်းတွေ့ဆုံ၍ မြို့အုပ်ချုပ်ရေးမှူးဦးနေလင်းအောင်က ယခုလက်ရှိ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြောင်းကိုလည်းကောင်း၊ တာဝန်ခံ ဆရာဝန်ဒေါက်တာ ညီညီဇော်က ရောဂါကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ လက်ဆေးနည်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန့်လေးလေးခင်သိန်းက အဆိုပါရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်သောသတင်းများကိုသာ စဉ်ဆက်မပြတ် နားထောင်ကြရန်၊ ခိုင်လုံမှု မရှိသည့် အွန်လိုင်းပေါ်မှရေးသားထားသည့် သတင်းတု၊ သတင်းယောင်များအား ယုံကြည်မှုမရှိကြရန် အသီးသီး အသိပညာပေး ဟောပြောကြသည်။

 

2003

 

ထို့နောက် ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးပြီး ၊ ယုဇနဆီအုန်း ကုမ္ပဏီမှ တာဝန်ခံဆရာဝန်နှင့် ပူးပေါင်းကာ ကုမ္ပဏီအတွင်းရှိ ဈေးဆိုင်များ ၊အိမ်ရာများအတွင်း လက်ဆေးဆပ်ပြာနှင့် ရေထားရှိပြီး လက်ဆေးကြရန်၊ လက်ဆေးရန်   အသိပညာပေး လက်ကမ်းများ ဖြန့်ဝေဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)

 

1231