ခမောက်ကြီးမြို့ ၁၃  ဖေဖော်ဝါရီ   

 

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ပထမရက် သတ္တပတ်အာဟာရ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် ပြုလုပ်သည်။

 

53.

 

ခမောက်ကြီးမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ (၆)လမှ (၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်းချိန်ခြင်း၊ အာဟာရပြည့်၊ မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်းနှင့် (၂)နှစ်နှင့်အထက်ကလေးငယ်များကို သံချဆေးပါ တိုက်ကျွေးကြောင်း သိရသည်။

 

68522633

 

၂၀၂၀ ပြည့်နှစ်အတွင်း ပထမရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး ဒုတိယရက်သတ္တပတ်ကို ဩဂုတ်လအတွင်း တိုက်ကျွေးမည်ဖြစ်သည်။ အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွင် ကလေးငယ် (၁၂၂)ဦးထိ  တိုက်ကျွေးမှုပြုခဲ့ပြီး ညနေ(၄)နာရီအချိန်အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

နန်းဝင်းဌေး(ခမောက်ကြီး ပြန်/ဆက်)

 

520