ချမ်းမြသာစည် ၁ ဇန်နဝါရီ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်းနှင့် ပန်းရံတော်ချောင်းကြား မြောက်ဘက်ကပ်လျက် ကန်သာယာရပ်ကွက်၊ အကွက်အမှတ် (ဗ-၈) တွင် ဒီဇင်ဘာ ၃၁ ရက် ည ၆ နာရီ မိနစ် ၂၀ က ခြင်ဆေးခွေမီးထွန်းရာမှ  အနီးရှိ အိမ်ထရံသို့ မီးကူးစက်၍ နေအိမ် ၁၇ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ သန္ဓေမီးသတ် ၇၀၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၁၃၀၊ မီးငြိမ်းသတ်ယာဉ် ၅၀ ၊ ရေသယ်ယာဉ် ငါးစီး၊ အုပ်ချုပ်မှု ယာဉ် သုံးစီးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ရာ ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် အိမ်ခြေ ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ 

 

အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသော နေအိမ်၊ ဒေါ်ငယ် (၄၆) နှစ်အား အောင်ပင်လယ် နယ်မြေရဲစခန်းမှ  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးဘေးသင့် ပြည်သူများအား ရပ်ကွက်ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)