ချမ်းမြသာစည် ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ x ၆၃ လမ်းကြား၊ ၁၀၄ x ၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ်(မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(မန္တလေး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်၀င်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးခဲ့ပြီး အဆိုပါ တက္ကသိုလ်မှ စတုတ္တနှစ် ကျောင်းသူ မခင်စုလှိုင်ဖြိုးက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယနှစ် ကျောင်းသား မောင်အောင်သူဟိန်းက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယနှစ် ကျောင်းသူ မနေခြည်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသူ မခင်ထားဝေက "လူငယ်နှင့်ကျန်းမာရေး ပြဿနာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာသော သူနာပြုတက္ကသိုလ် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့