မန္တလေး ဇူလိုင်  ၂၅

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင် ယနေ့ နံနက် ၉ နာရီခွဲမှစ၍ စုရပ်များ(၄)နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသော စုရပ်များမှာ အထက (၃၀)   ၆၄လမ်း၊ ၁၀၈နှင့် ၁၀၉လမ်းကြား၊ မြို့သစ်(၃)ရပ်ကွက်ရှိ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း၊ ၆၆ နှင့် ၆၇ လမ်းကြား၊ ၁၁၁ နှင့် ၁၁၁(A) လမ်းကြား၊ မြို့သစ်(၅)ရပ်ကွက်ရှိ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်း၊ ၆၆ လမ်း၊ ၁၀၇ နှင့် ၁၀၈ လမ်းကြား၊ မြို့သစ်(၂)ရပ်ကွက်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ၁၀၆ လမ်း၊ ၆၅ နှင့် ၆၆ လမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်ရုံးတို့တွင် ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာများသို့ မြိုနယ်ထွေအုပ်၊ ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ Volunteers များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူဦးရေ ၂၀၀ ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်(ပြန်/ဆက်)