ခါမ်းပါတ် ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့နယ်တွင် ယနေ့ ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ခါမ်းပါတ်မြို့ အမှတ်(၅)ရပ်ကွက်တွင် လူနေအိမ် (၂၁)လုံးနှင့် ကျွန်းတော်ရေရှင် ကျေးရွာတွင် လူနေအိမ် (၆၄)လုံး အမိုးလန်ပျက်စီးကာ နေအိမ်(၂)လုံးမှာ ပြိုကျပျက်စီးခဲ့သဖြင့် စုစုပေါင်းလူနေအိမ် (၈၇)လုံး ပျက်စီးခဲ့ကြောင်း ခါမ်းပါတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထို့ပြင် လေပြင်းတိုက်ခတ်မှုကြောင်း ခါမ်းပါတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ရှေးဟောင်းဆုတောင်းပြည့် စေတီတော် တစ်ဆူမှာ စိန်ဖူးတော်မြေခခဲ့ပြီး ကျန်တစ်ဆူမှာ ထီးတော်တိမ်းစောင်းခဲ့ကြောင်း အဆိုပါရပ်ကွက်နေ ဒေသခံတစ်ဦး ထံမှ သိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)