ခါမ်းပတ် စက်တင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ နန်ကတိတ်ကျေးရွာတွင် ထင်းတစ်​​​ချောင်းသုံး စွမ်းအားမြှင့်မီးဖို ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

”ဒီကာလကြီးမှာ အလုပ်အကိုင်လည်းမကောင်း၊ ဝင်ငွေလဲမရှိတော့ တစ်ခုခုတော့လုပ်မှပဲဆိုပြီး ဒါညီလေးရဲ့ အကူအညီနဲ့ လုပ်ဖြစ်သွားတာပါ”ဟု မီးဖိုပြုလုပ်ရောင်းချနေသူ ဦးပေါင်လျန်းခုပ်က ပြောသည်။

 

အဆိုပါ မီးဖိုတစ်လုံးလျှင် ငွေကျပ်(၆၀၀၀)ဖြင့်ရောင်းချရပြီး ထင်းသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကာ ရေရှည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

"ဒီမီးဖိုထဲမှာဆိုရင် ကျွန်တော်တို့လောင်စာတွေကို သေသေချာချာ သိပ်ထည့်ထားတယ်၊ စနစ်တကျ သုံးစွဲမယ် ဆိုရင်တော့  ရေရှည်အသုံးပြုနိုင်မှာဖြစ်ပြီး လောင်စာကုန်သွားရင်လည်း ထပ်ဖြည့်လို့ရမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ဒေသက ထင်းကိုအဓိကထားအသုံးပြုရတာဖြစ်လို့ ထင်းသုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်ပြီး အကျိုးဆက်အနေနဲ့ သစ်တောပြုန်းတီးမှုကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်"ဟု ၄င်းက ပြောသည်။

 

လက်ရှိအချိန်တွင် မှာယူထားသူများအတွက် ပြုလုပ်ပေးနေပြီး စျေးကွက်ရရှိမှုအပေါ်မူတည်၍ တိုးချဲ့လုပ်ကိုင်သွား မည်ဖြစ်ကြောင်းသိရသည်။

သားငယ်(ခမ်းပါတ်)