ဖလမ်း ၁၀ ဇွန်
ဖလမ်းမြို့အခြေစိုက် ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) က ဖလမ်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇွန် ၈ ရက် နံနက် ၁၁ နာရီက ဖလမ်းမြို့၊ Chin Centre ခန်းမ၌ ပြုလုပ်သည်။
သဘာဝဘေးသင့်ပြည်သူများ ထောက်ပံ့ငွေပေးအပ်ရာတွင် ဖလမ်းမြို့နယ်အတွင်းရှိ လုမ်ဘန်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စု(၂)စု၊ လိုထရွန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လွန်ခွာကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ ဝေဘူလမြို့ လေဘေးသင့် အိမ်ထောင်စု(၄)စုနှင့် တောသန်းကျေးရွာ လေဘေးသင့် အိမ်ထောင်စု(၉)စုတို့ကို CRCDF က စုစုပေါင်းငွေ ကျပ်(၂၅)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဂျွန်