စေတုတ္တရာ ၃၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က စေတုတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်မှ ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ ကော်မတီအဖွဲများ ဖွဲ့စည်းခြင်းနှင့် အခမ်းအနားကျင်းပမည့် နေ့ရက်၊ နေရာဒေသများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ စေတုတ္တရာမြို့နယ် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများမှ ချင်းအမျိုသားနေ့ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးချက်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတုတ္တရာမြို့နယ် အုပ်စုကျေးရွာများမှ ကျေးရွာ အုပ်ချူပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မြို့နယ် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်