ဂန့်ဂေါ  ၂၂  ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ချင်းစာပေသင်ကြားသည့် ဆရာ၊ ဆရာမများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၀ ရက်က ဂန့်ဂေါမြို့တွင် လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ထားသည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သည်။ 

 

အဆိုပါ တွေ့ဆုံပွဲတွင် ဇိုတုန်ချင်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇာဘွေး၊ နှင့် ဟားခါးချင်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနော်ကျုံအဲတို့က ဂန့်ဂေါမြို့နယ်တွင် ချင်းစာပေ သင်ကြားနိုင်မှုအခြေအနေများကို တင်ပြကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှူဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ဘာသာစာပေတိုးတက်ရေး စေတနာရှေ့ထား သင်ကြားပေးသည်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးကြကြောင်း သိရသည်။ 

 

စိန်ကျော်

 

DSC08