လေးမျက်နှာ ၂၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ယနေ့နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က နွားတင်းကုတ်အတွင်း ခြင်ဆေးခွေထွန်းပြီး ခြင်မီးထည့်ရာမှ အကာထရံမီးစွဲကာ လူနေအိမ်နှစ်လုံးနှင့် နွားတင်းကုတ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထရံကာ မြေစိုက် အလျားပေ(၂၀)၊ အနံ(၁၅)ပေရှိ လူနေအိမ်နှစ်လုံးနှင့် အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ နွားတင်းကုတ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုအား လေးမျက်နှာမြို့နယ် မီးသတ်စခန်းနှင့် ပန်းတောကြီးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၉) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ဒေသခံပြည်သူ (၂၀)ခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပြီး အိမ်ရှင် ဒေါ်ကောက်အား လေးမျက်နှာမြို့နယ် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)


