မိတ္ထီလာ၊ ဧပြီ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်တွင် ဧပြီ ၂၃ ရက် ည ၇ နာရီ ၄၅ မိနစ်က ခြင်ဆေးခွေထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးအဆောင် (၁)ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၅)ရှိ ဦးကျော်စိုးဝင်း၏ အလျား ၄၈ ပေ ၊ အနံ ပေ ၂၀၊ နံကပ် (၂)ထပ် သံလွင်ဖြူ အမျိုးသမီးအဆောင်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ အိမ်သုံး Gas ဘူးများသို့ မီးကူးစက်လောင်မှုဖြစ်ပွားရာမှ အဆိုပါအမျိုးသမီးအဆောင် (၁)ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ခရိုင်မီးသတ် ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၂)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် အဆောင်ပိုင်ရှင် ဦးကျော်စိုးဝင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)