ဖလမ်း   ၂၈    မတ်   

 

ချင်း(ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာပေး လက်ကမ်းစာစောင်ကို မတ် ၂၈ ရက် နံနက် ၇ နာရီခွဲက ဖလမ်းမြို့၊ လူစည်ကားရာ နေရာများ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့သည်။

 

134

 

ဖလမ်းခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာတလွန်းကျုံးထန်း ဦးဆောင်သော ဌာန ဆိုင်ရာဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ချင်း(ဖလမ်း)ဘာသာစကားဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ဖလမ်းမြို့ လူစည်ကားရာ နေရာဖြစ်သော ဈေး၊ ဈေးဆိုင်များ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဂျွန်( ပြန်/ဆက် )

 

138