ချင်းပြည်နယ် အစိုးရအဖွဲ့မှ  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး မီးသတ်ကားဖြင့် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှု၊ ထားရှိမှုလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ဟားခါး      ၃၁    မတ်        

ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက် ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီမှ လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေး မီးသတ်ကားဖြင့် ပိုးသတ်ဆေးဖျန်းခြင်း ၊ သံသယလူနာများ တွေ့ရှိပါက Facilities Quarantine  ထားရှိရန်အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ဟားခါး)တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။

 

‌ေ

 

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ ဌာနဆိုင်ရာ ရုံးခန်းများ၊ဝန်ထမ်းနေအိမ်များ၊ရပ်ကွက်လူနေအိမ်များအား မီးသတ်ကားဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ဟားခါး)သို့ရောက်ရှိ၍ COVID-19 သံသယလူနာ တွေ့ရှိပါက Facilities Quarantine   ထားရှိနိုင်ရန်အတွက် အိပ်ခန်း၊နားနေခန်း၊ ထမင်းစာခန်း၊ရေချိုးခန်း နှင့် ရေအိမ်သာများ သီးသန့်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုရာ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းခဲ့ကြသည်။

ထို့နောက် သံသယလူနာထားရှိမည့် ခန်းမများအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ထားရှိရန်နှင့် သံသယလူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း အားကစားနှင့်ကာယသိပ္ပံကျောင်း(ဟားခါး)တွင် သံသယလူနာ တွေ့ရှိပါက ထားရှိနိုင်ရန် သံသယလူနာ(၅၀)ဦးစာအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)