ချင်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆိုင်းလျန်လွယ်တက်ရောက်

ဟားခါး ၁၅   စက်တင်ဘာ

 

ချင်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ကြီးမှူး ကျင်းပသော အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက် ဗဟု သုတများပိုမိုသိရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုးတက်ရရှိစေရန် ရည်ရွယ်၍ ချင်းပြည်နယ်၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair 2018)ကို စက်တင်ဘာ ၁၅ နံနက် ၈ နာရီက ဟားခါးမြို့၊ကာဆင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာအခမ်းအနားကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အဖွဲ့သည်  ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ခေတ်တွင် အလုပ်အကိုင် အခွင့် အလမ်းရှားပါးမှုပြဿနာသည် အဓိကအခန်းဏ္ဍတွင် ပါဝင်နေသည့် အလျောက် နိုင်ငံတော်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် အလုပ်လုပ်ကိုင်နိုင်သူတိုင်း အလုပ် အကိုင်ရရှိရန်နှင့် သင့်တော် ကောင်းမွန် သည့်အလုပ်အကိုင်များရရှိရေး ကိစ္စများသည်လည်းအဓိက အခန်းဏ္ဍဖြစ်ကြောင်း၊ ချင်းပြည် နယ်တွင် စက်ရုံ၊အလုပ်ရုံနှင့် စက်မှုဇုန်ကြီးများ မဖွင့်လှစ်နိုင်သေးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် အလုပ် လိုချင်သူများနှင့် အလုပ်သမားလိုအပ်နေသူများ တစ်နေရာတည်း၌ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်းများ ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးက အလုပ်အကိုင် အခွင့် အလမ်းပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းများအားလိုက်လံကြည့်ရှုအားပေးကြသည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲလာရောက်ဖွင့်လှစ်ပြသပေးသည့် ကုမ္ပဏီများနှင့် အလုပ်လာရောက်လျှောက်ထားကြသည့် လူငယ်/လူရွယ် များတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်