ဟားခါး ဇူလိုင် ၂
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက အမှာစကား ပြောကြားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် မူလတန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၄၂ ဦးအတွက် ငွေကျပ် ၂၁၀၀၀၀၀၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ၂၁ ဦးအတွက် ငွေကျပ် ၁၂၆၀၀၀၀၊ အထက်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့် ၂၀ ဦးအတွက် ငွေကျပ် ၁၄၀၀၀၀၀၊ တက္ကသိုလ်အဆင့်တစ်ဦးလျှင် ငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် ကိုးဦးအတွက် ငွေကျပ် ၇၂၀၀၀၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၂ ဦးအတွက် ငွေကျပ် ၅၄၈၀၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)