ဟားခါး ဇူလိုင် ၁၇

 

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးတို့သည့် ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre သို့ သွားရောက်ပြီး လူ (၆၆) ဦး Qurantine ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးသည်။

 

ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ပိုးတွေ့လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အဟာရဖြစ် အစားအစာများဖြစ်သော ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် အားဖြည့်အချိုရည်ဘူးများကို  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့်အဖွဲ့က ပေးအပ်ရာ ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်က လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် အဖွဲ့သည် ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည်များ မှာကြားပြီး ပိုးတွေ့လူနာများကိုလည်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဟားခါးမြို့နယ်တွင် မေလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပိုးတွေ့လူနာ (၂၁၇) ဦး၊ သေဆုံးသူ () ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၃၉) ဦးရှိပြီး (၇၃) ဦးမှာ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း သိရသည်။

              

ခရိုင်(ပြန်/ဆက်)