ဟားခါး ၂  ဇွန်            

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း အသုံးပြုနိုင်ရန် မလွင်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တက်ရောက်၍ လက်ခံရယူခဲ့ပါသည်။

 

523698

 

အစီအစဉ်အရ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် မလွင် ဖောင်ဒေးရှင်းမှ လှူဒါန်းပေးပို့သော ကျန်းမာရေးသုံးပစ္စည်းများ အလှူခံရရှိမှုနှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ရှင်းလင်းတင်ပြပြီးနောက် မလွင်ဖောင်ဒေးရှင်းကိုယ်စား ငွေကျပ် ၁၁၆၀ဝ၀ဝ တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းများဖြစ်သော Face Shield (၅၀ဝ)၊ PPEဝတ်စုံ (၅)ခု၊ ဖိနပ်ရှည်(၅)ခု၊ လက်အိတ်(၅)စုံနှင့် Maskများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

ခရိုင်(ပြန်/ဆက်)