ဟားခါး            ၁၃  နိုဝင်ဘာ              

 

ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမအသင်းဉက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် အသင်းသား (၃၂) ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်း အခမ်းအနားကို COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

mdn

 

ရှေးဦးစွာ ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမအသင်းနာယက ဒေါ်ခင်မာအေးက အကြံပြု လမ်းညွှန်ခြင်းဆိုင်ရာ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒိန်ဒီးငွေစုငွေချေး သမဝါယမအသင်း အတွင်းရေးမှူး ဒေါ်ဗျက်ပါရ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အသင်းသားများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမအသင်းအမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက်ခြင်း ဆောင်ရွက်ကြရာ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒိန်ဒီးငွေစုငွေချေး သမဝါယမ အသင်းဉက္ကဋ္ဌ ဒေါ်တီလ်လှောန်ဇီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမအသင်းသားများအား ဆန်အိတ် ထောက်ပံ့ခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ အသင်းသား (၁)ဦးလျှင် (၄)ပြည်ပါ ဆန်အိတ်(၁)အိတ် နှုန်းဖြင့် အသင်းသား(၃၂)ဦးအတွက် ဆန်အိတ်(၃၂)အိတ်ကို  ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမ အသင်းဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသင်းသားများအားထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ သည်။

 

ခရိုင်(ပြန်/ဆက်)