ခိုင်ကမ်း ၉ ဇူလိုင်

 

ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြည်နယ်ငါးလုပ်ငန်းစခန်း(ခိုင်ကမ်း)တွင် ပြည်နယ်အတွင်း ငါးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးလာစေရေးနှင့် ဒေသအတွင်း ငါးစားသုံးမှု ဖူလုံစေရေး အထောက်အကူပြုနိုင်ရန်အတွက် အခြေခံငါးမွေးမြူရေး သင်တန်းကို ယနေ့ နံနက် ၈ နာရီ အချိန် ပြည်နယ်ငါးလုပ်ငန်းစခန်း(ခိုင်ကမ်း)တွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် ခိုင်ကမ်းငါးလုပ်ငန်းစခန်း တာဝန်ခံ ဉီးအောင်မျိုးဦးမှ ငါးဆေးထိုးသား ဖောက်ခြင်းအမျိုးမျိုး၊ အခြေခံ ငါးမွေးမြူရေးခြင်းနှင့် ငါးများမွေးမြူ ထုတ်လုပ်နည်းပညာများကို စာတွေ့/လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းသား/သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိပါသည်။

 

သတင်းစဉ်