ဟားခါး သြဂုတ် ၂၅

 

ချင်းပြည်နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က "ချင်းပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းသော်လည်း ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့နှုန်း များပြားနေသေးသည့်အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ အခြားမြို့နယ် များတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှု နည်းလာခြင်းကြောင့် ပိုးတွေ့ရှိမှုနှုန်း ကျခြင်းဖြစ်နိုင်သည့် အတွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ မကြာမီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံမည်ဖြစ်သည့်အတွက် မြို့တော်ခန်းမအစား၊ ခိုင်ကမ်း အားကစားရုံတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ ဆေးရုံ များတွင် လိုအပ်ချက်များ၊ ကူညီထောက်ပံ့ပေးရန်လိုအပ်သည့် ပစ္စည်း၊ ငွေကြေးများအား အချိန်မီထောက်ပံ့ နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီတင်ပြရန်လိုကြောင်း၊ မြို့နယ်များရှိ အောက်ဆီဂျင် Plant ပျက်စီးမှုများ အမြန်ပြုပြင်နိုင်ရေးစီစဉ် ဆောင်ရွက်ရန်နှင့် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး စီမံဆောင်ရွက်ရန် လိုကြောင်း"ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၊ သေဆုံးမှုနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်မှု၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ အောက်ဆီဂျင်ရရှိသုံးစွဲမှုနှင့် သိုလှောင်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးဝန်ထမ်းများ ထောက်ပံ့ကြေးပေးအပ်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်