ဖလမ်း ၂၅ ဧပြီ
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ်ရှိ ဗားရ်တံတား အမှတ်(၂)တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်(၆၈/၅)ရှိ မဏိပူရ် မြစ်ကူး ဗားရ်တံတား အမှတ်(၂)တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းတို့က စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂)သည် အရှည် (၅၅၈)ပေ၊ အကျယ် (၃၀) ပေ၊ တံတားခံနိုင်ဝန် AASHTO HS-25 ရှိပြီး တံတားစီမံကိန်းအဖွဲ့(၁)က တည်ဆောက်လျက်ရှိရာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဂျွန်( ပြန်/ဆက် )


