ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်အတွင်းရှိ အာကာသပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိ လွှတ်တော်အစည်းအဝေးခန်းမကြီး၊ ကော်မတီရုံးခန်းများကို လေ့လာကြည့်ရှုကြပြီး ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ လေ့လာရေးအဖွဲ့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


