ဟားခါး ၇ ဇွန်
ချင်းပြည်နယ် ငါးလုပ်ငန်းစီးဌာနမှ ပြည်နယ်မှူး ဦးတင်မောင်ဦးသည် ဇွန် ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က ပြည်နယ်ငါးလုပ်ငန်း ငါးသားဖောက်စခန်း (ရမ်ထလို) သို့ ရောက်ရှိပြီး ငါးမွေးကန်များအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေ၊ မွေးမြူထားသော ငါးသားပေါက်များ အောင်မြင်ကြီးထွားမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ ငါးသားဖောက် စခန်းတာဝန်ခံ ဦးစိုးပိုင်သူနှင့် ဝန်ထမ်းများက ကန်များအတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် မွေးမြူထားသော ငါးမှုန် ငါးသန်လေးများ ကြီးထွားမှုအခြေအနေတို့ကို ရှင်းလင်ပြသခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးသည် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်အတွင်း မြစိမ်းရောင် စီမံကိန်းဖြင့်မွေးမြူထားရှိသည့် တစ်ပိုင်တစ်နိုင်ငါးမွေးကန်များအပါအဝင် ဌာနမှ ဆောင်ရွက်ထားရှိသည့် ငါးမွေးကန်များအောင်မြင်ရေး၊ ဒေသတွင်းငါးစားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုးရေးနှင့် တွဲဖက်၍ မွေးမြူနိုင်ပြီး ဒေသနှင့်ကိုက်ညီသော ငါးမျိုးများ စိုက်ထည့်မွေးမြူနိုင်ရေး စနစ်တကျ ဆောင်ရွက် ထားရှိကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ ငါးစားသုံးမှု ပိုမိုများပြားလာစေရေး ပညာပေးဆိုင်ဘုတ်များ စိုက်ထူသွားကြရန်နှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသွားကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။
ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများငါးစားသုံးမှု ပိုမိုများပြားလာစေရေး မြို့နယ်များအားလုံးတွင် ပညာပေးဆိုင်ဘုတ်များ စိုက်ထူသွားမည်ဖြစ်ပြီး ဇွန် ၆ ရက်နေ့က ရိခေါဒါမြို့၌ စိုက်ထူခဲ့ကြပြီး အဆိုပါမြို့အတွင်း ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)


