ဟားခါး ၁၆ ဇူလိုင် 


ချင်းပြည်နယ် ပလက်ဝဒေသ သဘာဝဘေးသင့် ပြည်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ   အလှူရှင် ဒေါ်ငွန်ထလွဲကျင် Ishikswa Co,.Ltd မိသားစုမှအလှူငွေ ကျပ်(၁၀၃)သိန်းကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။


အခမ်းအနားတွင် အလှူရှင် ဒေါ်ငွန်ထလွဲကျင် Ishikswa Co,.Ltd က ဘေးဒုက္ခ ကြုံတွေ့နေရသူများကို စာနာသောအားဖြင့် ကူညီခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ယခုလို လှူဒါန်းပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ချင်းပြည်နယ်အတွင်း အခက်အခဲဖြစ်သည့်ဒေသများတွင် ထပ်မံလှူဒါန်းနိုင်ရေး ကြိုးစားသွားမည်ဖြစ်ပါကြောင်းဖြင့် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အလှူငွေကျပ်(၁၀၃)သိန်းကိုပေးအပ်လှူဒါန်းရာ ချင်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ် နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊  ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝီကော အလှူရှင် ဒေါ်ငွန်ထလွဲကျင် Ishikswa Co,.Ltd မိသားစုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ခရိုင်(ပြန်/ဆက်) မှ သိရှိရသည်။


MDN