ဟားခါး ၅ သြဂုတ်
ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏(၂/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူမှုအားမာန်အဖွဲ့များ(Inclusive Seft-Help Group)ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်ခဲ့သည်။
ဆက်လက်၍ ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူမှုအားမာန်အဖွဲ့များ(Inclusive Seft-Help Group)ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အဖွဲ့အစည်းအတွင်း ကော်မတီဖွဲ့စည်းပုံများ၊ ပါဝင်ရမည့် အသက်အရွယ်အလိုက် သတ်မှတ်ထားမှုပုံစံများ၊ ဆောင်ရွက်ရမည့် အဓိကကဏ္ဍ(၃)ရပ် အကြောင်းများ၊ စီမံကိန်းရွေးချယ်ရာတွင် စံသတ်မှတ်မှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများက အကြံပြုဆွေးနွေး ခဲ့ကြပြီးနောက် အကြံပြုဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ချင်းပြည်နယ်အတွင်း လူမှုအားမာန်အဖွဲ့များ(Inclusive Seft-Help Group)ကို ကျေးရွာအဆင့်ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဟားခါးမြို့နယ်၊ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်များတွင် ဆောင်ရွက်ပြီးစီးခဲ့၍ ကျန်ရှိသည့်မြို့နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)