ထန်တလန်       ၃    ဧပြီ

 

ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသနိုင်ရေး အထောက်အကူပြုစေရန်အတွက် လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ဧပြီ ၂ ရက် ညနေ ၃ နာရီက ထန်တလန်မြို့ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်နှင့်စေတနာရှင် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ ထန်တလန်မြို့ COVID-19 Community မှတာဝန်ရှိသူများနှင့် စေတနာရှင်တို့က ဆေးရုံအတွက် လိုအပ်လျက်ရှိသော နှာခေါင်းစည်း၊ Hand Gel နှင့် ခွဲစိတ်ခန်းသုံး လက်အိတ်စသည့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေး ဆရာဝန်ကြီး ဒေါက်တာထွန်းပွားက လက်ခံရယူခဲ့သည်။

 

 

အဆိုပါ ဆေးရုံသုံးပစ္စည်းများကို ထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ထန်တလန်မြို့ Facility Quarantine ပြုလုပ်ရန် စီမံထားရှိသည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း စေတနာရှင် အလှူရှင်များအနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ယောန(ပြန်ဆက်)