တီးတိန် ၁ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲပေးခြင်းကို တီးတိန်မြို့၌ အောက်တိုဘာ ၂၉ ရက်မှစတင်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲနေ့၌ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် လုံခြုံရေးဝန်ထမ်းများ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်မည့် မဲဆန္ဒရှင်များ၊ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် မသန်စွမ်း မဲဆန္ဒရှင်များ ဆန္ဒမဲပေးမည့်အခွင့်အရေး မရှုံးဆုံးစေရန်အတွက် သတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးကြပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ၁၃၄၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
တီးတိန်မြိုနယ်တွင် ခိုင်ကမ်းမြို့အပါအဝင် မဲရုံ (၁၄၀) ရုံ လျာထားဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင်စုစုပေါင်း ၅၆၅၇၆ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


