ဟားခါး ၁ သြဂုတ်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဆဲင်သုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်တိုး ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလက ဆဲင်သုန် ကျောင်းဆောင်ရှေ့တွင် ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ထန်တလန် မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းဖွင့်ပွဲကော်မတီ အတွင်းရေးမှူး ဆရာကြီးဦးဒါရ်ဟူးက ကျောင်းအတွက် လိုအပ်ချက်များတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးဝန်ကြီး က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ၁၂၀x၃၀ Steel Structure ကျောင်းဆောင်သစ် ခွဲဝေပေးထားကြောင်း၊ လိုအပ်သည့် သင်ထောက် ကူပစ္စည်း၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ခဲတံ၊ ဘောပဲင်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ များ အားလုံးအတွက် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးရွာအတွက် Face Shield များ၊ Natural Disaster Awareness Postersများနှင့် ဘောလုံးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်