မင်းတပ် ၃၀ မတ်
မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာများ ပြတ်လပ်မှုမရှိစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၃၂၀၊ ဆားပိဿာ ၃၂၀၊ ကုလားပဲ ပိဿာ ၃၂၀ တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါ ဖြစ်ပွားနေချိန်တွင် မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများ ရှိလာပါက ပြည်သူများ စားသုံးနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ သိုလှောင်ထားရှိမှုများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးဖွေအားနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် အ.ထ.က(၁)ကျောင်း၌ သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)


