ဟားခါး   အောက်တိုဘာ   ၅

 

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က "လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်၍ ခြောက်လအတွင်း လုပ်ငန်းများပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား တစ်လအတွင်း ဆောင်ရွက်ရန်နှင့် တင်ဒါကြော်ငြာရာတွင် သတ်မှတ်သည့် နည်းလမ်းများအတိုင်း သတင်းစာများတွင် ထည့်သွင်းကြော်ငြာရန် လိုကြောင်း၊ ဌာန၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအား အစိုးရအဖွဲ့သို့ တင်ပြရန်လိုကြောင်း၊ မကြာမီ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်ရှိသည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်" အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ အတွင်း လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ တင်ဒါခေါ်ယူရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)