ဟားခါး ၁၄ ဇွန်
ချင်းပြည်နယ်အတွင်း မှုခင်းလျော့နည်းကျဆင်းရေးနှင့် သတင်းအချက်အလက် ရယူထုတ်ပြန်နိုင်ရေး မီဒီယာများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ဇွန် ၁၃ ရက်မွန်းလွဲ ၂ နာရီက ဟားခါးမြို့ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က မှုခင်းများလျော့နည်းကျဆင်းရေးအတွက် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာစီမံချက်ကို ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာအဆင့်များတွင် သက်ဆိုင်ရာဌာနများနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မီဒီယာကဏ္ဍအနေဖြင့် ပြည်နယ်အတွင်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးလျော့နည်းပပျောက်စေရေး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မှုခင်းများဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆောင်ရွက်လျက်ရှိရာ ဦးစားပေး အဆင့်အနေဖြင့် မင်းတပ်၊ တီးတိန်၊ ဟားခါး မြို့နယ်သုံးမြို့နယ်တွင် ယစ်မျိုးဖမ်းဆီးမှုများနှင့်မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများနှင့် ဇွန်လအတွင်း မြို့နယ်အလိုက် မူးယစ်ဖမ်းစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မီဒီယာများနှင့် သတင်းအချက်အလက်ရယူခြင်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်းကျော်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ဒုတိယရဲမှူးကြီး ဝဏ္ဏဇော်နှင့်တာဝန်ရှိသူများ၊ Sky Net ရုပ်သံလိုင်း၊ ချင်းလန်းပို့စ်၊ ဟားခါးပို့စ်သတင်းဂျာနယ်မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN