နေပြည်တော်   ဇွန်  ၉

 

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌    ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  မင်းနိုင်၊  အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များ ဖြစ်သည့် သူရဦးဘိုရီ (ခြူးနဂါးဆေးပေါ့လိပ်) မိသားစု က   အလှူငွေကျပ်သိန်း ၂၀၀၊ ဦးအောင်မျိုးဟိန်း မိသားစုက အလှူငွေကျပ်သိန်း ၁၀၀၊ ဦးစိုးဝင်းထွန်း မိသားစုက  အလှူငွေကျပ်သိန်း ၅၀၊ West Corporation Japan မှ အလှူငွေကျပ် သိန်း ၅၀၊ ဗိုလ်သင်တန်းအမှတ်စဉ်(၆၆)မှ အရာရှိ များက အလှူငွေကျပ်သိန်း ၄၀၊ ဦးသန့်ဇင် (သုခကမ္ဘာဆေးခန်း)မိသားစုက  အလှူငွေကျပ်  ၁၀ သိန်းနှင့်   အခြားစေတနာရှင် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများအား ပေးအပ် လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

အလားတူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်ဇနီး ဒေါ်ကေသွယ် မိသားစုက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်ခဲ့ကြောင်း    သတင်းရရှိသည်။

သတင်းစဉ်