နေပြည်တော် ဇူလိုင် ၇

 

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူ များ၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကော်မတီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအား ဒုတိယဝန်ကြီးနှင့်အဖွဲ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသောကြောင့် ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပါက အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး က တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့တို့တွင် ဦးစီးဌာန ရုံးပေါင်း ၁၁၀ ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အရာထမ်း၊ အမှုထမ်း ၃၄၄၃ ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အခြေခံပညာကျောင်း ၂၇၉ ကျောင်း ဖွင့်လှစ်နိုင်ပြီး ဆရာ ဆရာမ ၁၂၃၄ ဦးဖြင့် ကျောင်းသား ကျောင်းသူ ၁၇၆၅၁ ဦးအား ပညာသင်ကြား ပေးနေပြီဖြစ်သကဲ့သို့ ပြည်သူ့ ဆေးရုံများဖွင့်လှစ်ပြီး ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၂၇၈ ဦးဖြင့် လူနာပေါင်း ၁၃၀၉၈ ဦးအား ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်များလည်း ပုံမှန်လည်ပတ်လျက်ရှိကြောင်း၊ စည်ပင်သာယာစျေးများနှင့် အိမ်ဆိုင်များလည်း ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး သောက်သုံးရေအတွက် ရေထွက်ပင်ရင်းများမှ သွယ်ယူပြီး ဖြန့်ဝေပေးလျက်ရှိကာ တီးတိန်မြို့အား အသေးစား ရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အား ပေးစက်များဖြင့် အလှည့်ကျ ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ တွန်းဇံမြို့နှင့် ဖလမ်း မြို့တို့ရှိ ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်  မြန်မာ့စီးပွားရေးဘဏ်တို့အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် တီးတိန်မြို့နယ်တွင် MEC ၊ MPT တယ်လီ ဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ပြီး တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖလမ်းမြို့နယ်တွင် MEC တယ်လီ ဖုန်းလိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် သွားလာရေး အဆင်ပြေနိုင်မည့် အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းများကို လျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက် လာကြသူများက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကလေး-ဖလမ်း- ဟားခါးလမ်း၊ သိုင်းငင်း- တီးတိန်လမ်း လမ်းပိုင်းအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ