ဟားခါး ၁၂ ဧပြီ

ချင်းပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ခြေခံစားကုန် ()မျိုးကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ထောက်ပံ့ပေးလျက်ရှိရာ ကျန်ရှိနေသေးသော အိမ်ထောင်စုများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အခြေခံစားကုန်ပစ္စည်းများ အချိန်နှင့်တစ်ပြေးညီရောက်ရှိရေး၊ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် အိမ်ထောင်ရာရောက် ပို့ထောက်ပံ့ ပို့ဆောင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။

 

ဧပြီလ ၁၁ ရက်နေ့ နံနက် နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဖွဲ့စည်းတာဝန်ပေးထားသည့် ဝယ်ယူပို့ဆောင်ရေးအဖွဲ့က မော်တော်ယာဉ်များဖြင့် ဝယ်ယူသယ်ဆောင်လာသော ခြေခံစားကုန်များကို ဟားခါးမြို့ ဟားခါးထာရ် ရပ်ကွက် ရှိ မုန်တိုင်းဒဏ်ခံ ဆောက်အဦတွင် ခွဲဝေနိုင်ရေးဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီ ဦးဝီကောနှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ နောက်မြောက်တိုင်းစစ်ဌာနချုပ်၊စစ်ဗျူဟာ ခြေချ (ဟားခါး)မှ ဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် အရာထမ်း အမှူထမ်း တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူမှု​​ရေးအသင်းအဖွဲ့များက စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါအခြေခံစားကုန်များကို ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင် ဖွဲ့စည်းထားရှိသည့် အဖွဲ့ငယ်များဖြင့် အိမ်အရောက် စနစ်တကျ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကပြောကြားသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)