မင်းတပ်   ၂၁     အောက်တိုဘာ              

ချင်းပြည်နယ်လွှတ်တော် ဒုတိယဉက္ကဋ္ဌ ဦးတိတ်ထန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား (နယ်မြေခံဝန်ကြီး) တို့နှင့် မင်းတပ်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို  မင်းတပ်မြို့ အထက(၁) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။

တွေ့ဆုံပွဲတွင် ချင်းပြည်နယ်လွှတ်တော် ဒုတိယဉက္ကဋ္ဌ ဦးတိတ်ထန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား(နယ်မြေခံဝန်ကြီး)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်း တို့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ၊ လာမည့်ဘဏ္ဍာနှစ်အတွင်း ခွဲဝေရရှိသည့် ဘတ်ဂျက်ကိုလည်း စနစ်တကျသုံးစွဲရန်နှင့် တင်ဒါခေါ်ယူရာတွင်လည်း စိစိစစ်စစ်ခေါ်ယူရန်လိုကြောင်း မှာကြားကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားပေးကြပြီး ချင်းပြည်နယ်လွှတ်တော်၊ ဒုတိယဉက္ကဋ္ဌ ဦးတိတ်ထန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)