ချင်းပြည်နယ်မှ ဝဥ ဂျပန်ဝယ်မည်

mdn

မင်းတပ် နိုဝင်ဘာ ၉

 

ချင်းပြည်နယ်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သလို စားသောက်ကုန်အဖြစ်ရော၊ စက်မှုကုန်ကြမ်းအဖြစ်ပါ အသုံးပြုနိုင်သည့် ဝဥကို ယခုအခါ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီးယခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်းမင်းတပ်မြို့နယ် လှေးချမ်းကျေးရွာနေ စိုက်ပျိုးရေးဝန်ထမ်းအငြိမ်းစား ဦးအောင်ကေး၏ ပြောပြချက်အရ သိရသည်။

 

ချင်းပြည်နယ်မှ ကုန်ကြမ်းအဖြစ်ဝယ်ယူသည့် ဝဥခြောက်များကို အသားတု၊ မာလာခေါက်ဆွဲ၊ ချောကလက် စသည်တို့အပြင် အိမ်သုံးဆေးဝါးအကာ၊ ဖိနပ်၊ ဆိုင်ကယ်အဖုံးအကာများအဖြစ် အမျိုးမျိုးအသုံးပြုကြကြောင်းသိရသည်။

 

ချင်းပြည်နယ်ထွက် ဝဥများကိုယခင်က သဘာဝတောတောင်များအတွင်းမှ လိုက်လံရှာဖွေတူးဖော်ကြရပြီး ယခုအခါ တောတွင်းမှ မျိုးပွားကာကိုယ်ပိုင်စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးလျက်ရှိကြသည်။ သတ်မှတ် အရွယ်အစားရောက်ရှိသည့် ဝဥတစ်လုံးသည် အမြင့် ၆ လက်မမှ ၈ လက်မ၊အချင်း တစ်ဆယ်လက်မခန့်၊ လုံးပတ် ၂ ပေခွဲမှ သုံးပေအထိရှိကြပြီး အပေါ်ယံအခွံရောင်မှာ မြေကြီးရောင်နှင့် အမည်းရောင်ရှိကြသည်။ အလေးချိန်မှာ တစ်ပိဿာကျော် နှစ်ပိဿခန့်ရှိကြောင်း သိရသည်။

 

ဝဥကို တူးဖော်ပြီးပါးပါးလှီးကာ အခြောက်လှန်းရပြီးအခြောက်လှန်းပြီးဝဥခြောက် တစ်ပိဿလျှင် ၇၀ဝဝ၊ ၈၀ဝဝ ကျော်ရှိပြီးအိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။ 


သက်နိုင်(ပြင်ဦးလွင်)