ဖလမ်း၊  ၂ ဇန်နဝါရီ    

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ အလယ်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဖလမ်းမြို့တော်ခန်းမ၌ ပြုလုပ်သည်။

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ အလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် သိန်း(၃၀၀)ကို ရန်ကုန်မြို့နေ ဦးသန့်ဇင်နှင့် ဒေါ်နီလာအေးတို့ မိသားစုက ငါလ်သီးကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူတို့ထံသို့ ပေးအပ်လှူဒါန်းသည်။ ထို့နောက် အလှူရှင်မိသားစုအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့စည်ပင်သာယာရေးစျေးတွင် အဆင့်မြင့်စျေး တည်ဆောက် နိုင်ရေး မြေနေရာများ လိုက်လံကြည့်ရှုပြီး စျေးသည်များအား တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းတွင် မိုးလုံလေလုံအားကစားရုံအသစ် တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်